
မြန်မာဆေးကျမ်းများ အလိုအရ စမွတ်သည် ခါး၏ ၊ စပ်၏ ၊ ပူ၏ ၊ ကြေကျက်လွယ်၏ ၊ ၀မ်းမီးကို တောက်စေ၏ ၊ သုတ်ကို ပွားစေ၏ ၊ နှလုံးကို အကျိုးပြု၏ ၊ လေ ၊သလိပ်ကို နိုင်၏ ၊ လေပြွန်ချောင်းများပူခြင်း ၊ အော့အန်ခြင်း ၊ ကြက်ညှာချောင်းဆိုးခြင်းနှင့် ရေဖျဉ်းရောဂါတို့ကို ပျောက်စေ၏ ။
၁ ။ အစေ့ကို ကွမ်းရွက်ထဲတွင်ထည့်၍ အရည်ကို ငုံထားပါက ချောင်းခြောက် ၊ ချောင်းစိုရောဂါ ပျောက်၏။
၂ ။ အစေ့နှင့် လေးညှင်းပွင့်ထိပ်ဖူးကိုကြိတ်၍ ပျားရည်နှင့်ရောစားပါက အော့အန်သောရောဂါ ပျောက်၏ ။
၃ ။အစေ့ကို ပါးစပ်တွင်ငုံ၍ ထွက်လာသောအရည်ကို မျိုချခြင်းဖြင့် ကြို့ထိုးရောဂါပျောက်၏ ။
၎ ။အစေ့ကို ဆားပုပ်နှင့် ရောစားသော် ၀မ်းဗိုက်နာ ကောင်း၏ ။
၅ ။အစေ့ကိုထန်းလျက်နှင့်ရော၍ လုံးစားသော် အစာမကြေ ၊ ရင်ပြည့် ၊ ၀မ်းကြော ၊ ၀မ်းဗိုက်ကြောတင်းခြင်းတို့ ပျောက်၏ ။
ကျန်းမာရွှင်လန်းကြပါစေ ။
လွမ်းငယ်(တိုင်းရင်းဆေးနည်းမှတ်စုများ)
8:02am 23 .April.2014
No comments:
Post a Comment